ကျနော် စာမရေးဖြစ်တာကြာပြီ။ ရးထားတာတွေလည်း လက်စမသတ်နိုင်တော့ မတင်ဖြစ်ဘူး။ အခုပို့စ်ကလည်း ပင်ပင်ပန်းပန်းရေးပြီး အားထုတ်ထားတဲ့ ပို့စ်တစ်ခုမဟုတ်ပါဘူး။ အဲဒီအတွက်လည်း တင်သာတင်ရတယ် ကျောမလုံပါဘူး။ ဒါပေမယ့် Online user တွေနဲ့ Web စိတ်ဝင်စားသူတွေ၊ Web Developer တွေ အရမ်းအသုံးဝင်မှာပါ။ Web Templates တွေအတွက် Design Software ပေါ့။ သူ output ပေးနိုင်တဲ့ template အမျိုးအစားတွေကတော့ အောက်ကဇယားအတိုင်းပဲ ဖြစ်ပါတယ်။

Blogger, Wordpress, Joomla သုံးခုကို အလွယ်တကူ ဆွဲနိုင်တယ်ဆိုတာနဲ့တင် တော်တော်လေး ကောင်းနေပါပြီ။ Software ကို ဖွင့်လိုက်တာနဲ့ အောက်ကပုံအတိုင်း ကြိုပါလိမ့်မယ်။

ဖြစ်ချင်တဲ့ platform တစ်ခုရွေးပြီး စသုံးရုံပါပဲ။ အားသာချက်ကတော့ လိုချင်တဲ့ ဒီဇိုင်းပုံစံအားလုံးကို စိတ်ကြိုက်ပြင်နိုင်တဲ့အပြင် ဒီဇိုင်နာ အမြင်မရှိဘူးဆိုရင်တောင် သူ့မှာပါပြီးသား ပုံစံမျိုးစုံကို ခလုပ်တစ်ချက်နှိပ်ပြီး ပေါင်းစပ်ကြည့်ရုံပါပဲ။ ဥပမာဗျာ Idea ဆိုတဲ့ tab အောက်က Suggest Design ဆိုတဲ့ ခလုပ်ကို နှိပ်ကြည့်ပါ။ Ready-made ဒီဇိုင်းမျိုးစုံ တစ်ခုပြီးတစ်ခု ပေါ်လာလိမ့်မယ်။

ဒါ့အပြင် ဒီ Design မှာ Header ကြိုက်တယ်၊ Background မကြိုက်ဘူး စသဖြင့် တစ်ခုချင်းပြင်ချင်တာတွေအတွက် Ideas tab အောက်က Suggest Background, Suggest Menu ဆိုတာတွေ တစ်ခုချင်းသာ နှိပ်လိုက်။ မိမိစိတ်ကြိုက်ဖြစ်တဲ့အထိ တစ်ခုပြီးတစ်ခု ရွေးချယ်သွားလို့ရပါတယ်။ Photoshop နဲ့ Web programming တွေ တစ်ခုမှ မရတဲ့သူတွေတောင် မိမိ Web site Design ကို စိတ်ကြိုက်ပြင်ဆင်နိုင်မှာပါ။
          Suggest တွေသက်သက်ပဲ သုံးပြီး Ready-made တွေနဲ့တင် အားမရသူတွေအတွက် အပိုင်းလိုက်ခွဲပြီး စိတ်ကြိုက် ပြင်ဆင်ခွင့်ပြုထားပါတယ်။ Ideas ရဲ့ ဘေးက tab တွေကို လေ့လာကြည့်လိုက်ပါ။ ဒီ software ရဲ့ ပုံစံဒီဇိုင်းက MS office 2007 အတိုင်း ဖွဲ့စည်းထားတာမို့ လူတိုင်းရင်းနှီးပြီးသား ပုံစံဖြစ်ပါတယ်။ အသုံးပြုရလွယ်မှာပါ။ အားလုံးပြင်ပြီးရင် Export ကိုနှိပ်ပြီး Template ကိုယူရုံပါပဲ။

          ကျနော်အရင်စာရေးတဲ့ပုံစံ နဲ့ဆိုရင်တော့ Software ရော၊ key ရော၊ အသုံးပြုနည်းအသေးစိတ်ပါ အပြည့်အစုံ တင်ပြ ဖြစ်မှာပါ။ လက်ရှိအခြေအနေအရ အသုံးပြုသူတွေကို အထင်သေးရာ မရောက်ရအောင် အသုံးပြုနည်းကို အပေါ်ယံ လောက်ပဲ ရေးသားလိုက်ပါတယ်။ ရုံးအခြေအနေ၊ net အခြေအနေများကြောင့် Software ရော Key ပါ တင်ပေးနိုင်ခြင်း မရှိပါဘူး။ ပြည်ပ အသုံးပြုသူတွေကတော့ ကျနော်ပေးခဲ့ဘူးတဲ့ Website တွေမှာ ရှာပြီးဒေါင်းလို့ရမှာပါ။ ပြည်တွင်းအသုံးပြုသူတွေအတွက် Sharing လုပ်နိုင်တဲ့ ဘလော့တွေမှာ တောင်းဆိုကြပါ။ ကူညီနိုင်တဲ့ ညီအစ်ကိုတွေလည်း အသုံးပြုသူတွေ အဆင်ပြေအောင် Download Link ကို comment မှာရေးပြီး ကူညီပေးကြဖို့ ဆန္ဒပြုပါတယ်။
လက်ရှိ Software Version – Artisteer 3.1   (www.artisteer.com)
Official Download - www.artisteer.com/?p=downloads

အခု version 4.1 ထွက်နေပြီ။ Custom HTML Tool လေး ပါလာတာ တော်တော်ကောင်းသွားတယ်။ နောက်ပြီး  Plug In တွေထည့်သုံးဖို့ အတွက်လည်း လုပ်ပေးထားတယ်။ Tutorial လေးနဲ့ သက်သက် ထပ်ရေးပါဦးမယ်။