Run မှာ %temp% လို့ရိုက်ထည့်ပြီး ပေါ်လာတဲ့ temporary files တွေကို ဖျတ်ပေးတာ ဖြစ်ပါတယ်။ မှန်ပါတယ် pc ကို speed မကျစေဖို့ error နည်းစေဖို့ အတွက် လုပ်ရတဲ့ အထဲမှာ တစ်ခုပါပါတယ်။ Temporary file ဆိုတာကတော့ မိမိ အသုံးပြုနေကျ ဖိုင်တွေကို မြန်မြန်ဆန်ဆန်ဖွင့်နိုင်ဖို့ အကူအညီပေးပါတယ်။ ဒါပေမယ့် သုံးတာကြာလာတာနဲ့ အမျှ နေရာယူတဲ့ storage space များလာပါတယ်။ temporary ရယ်၊ cookies ရယ် ဖျက်ပေးရမယ်ဆိုတာတော့ အသေမှတ်ထား ပါတယ်။ ရှာရခက်လို့ desktop မှာတောင် shortcut ထုတ်ထား တတ်ကြသေးတယ်။ အဲဒီအထိ ရှာဖျတ်ပေးနေစရာ မလိုပါဘူး။ My Computer ကို ဖွင့်ပါ။ Drive C ကို R-Click လုပ်ပြီး Properties ကိုနှိပ်ပါ။ အောက်ပါအတိုင်း General tab မှာ Disk Cleanup ဆိုတာလေးကို နှိပ်ပေးလိုက်ပါ။
Disk Cleanup For (C:) ဆိုပြီး ပေါ်လာပါတယ်။ ပေါ်လာသမျှကို လိုက်ကြည့်ကြည့်လိုက်ပါ။ ကျနော် ၀ိုင်းပြထားတာ တွေ့ပါလိမ့်မယ်။ အဲဒါကတော့ ဖျက်ချင်နေတဲ့ ဖိုင်တွေပါပဲ။ အားလုံးကို check ပေးလိုက်ပြီး Ok နှိပ်လိုက်ပါ။ C: ထဲက မလိုအပ်တာတွေ အကုန်ဖျတ်ပြီး Disk Cleanup လုပ်ပေးပါလိမ့်မယ် … ။

ပြောလက်စနဲ့ ဆက်ပြောလိုက်ပါ့မယ် .. PC speed ကောင်းစေဖို့ လုပ်ပေးရတဲ့ အထဲမှာ Error Check နဲ့ Defragment တို့ ပါပါသေးတယ် .. ။

Error Check ဆိုတာတော့ စာအုပ်စဉ်တစ်ခုကို ခြ မစားအောင်၊ မပျက်စီးအောင် သန့်ရှင်းပေးတာနဲ့ တူပါတယ်။
Defragment ဆိုတာက စာအုပ်စဉ်မှာ သူ့အမျိုးအစားအလိုက် စာအုပ်တွေ ရှိပါမယ်။ ဘုရားစာအုပ်၊ ကာတွန်းစာအုပ်၊ စသည်ဖြင့်ပေါ့။ ရောထွေးနေရင် ရှာရခက်ပါတယ်။ အချိန်ကြာပါတယ်။ အစီအစဉ်တကျ ထားပေးလိုက်ရင် လိုချင်တာကို ချက်ချင်း ရှာပေးနိုင်လို့ ပိုမိုမြန်စေပါတယ်။ အဲဒီ သဘောပါပဲ။ ဘာလို့ Fragment ဖြစ်တာလည်း ဆိုတော့ ဥပမာ –
Hard Disk ထဲကို ဖိုင်တွေ ကူးထည့်ပါတယ်။ ပထမ တစ်ခုက 200 Mb၊ ဒုတိယက 100 Mb နဲ့ တတိယက 50 Mb ဆိုပါစို့။  1 Gb ရှိတဲ့ hard disk မှာ အောက်ပါအတိုင်း နေရာယူပါတယ်။

ဒုတိယ နေရာက 100 Mb ကို ဖျတ်ပစ်လိုက်တဲ့ အခါမှာ အခုလို နေရာလွတ်အတိုင်းကျန်ပါတယ်။

စတုတ္ထ ဖိုင် အနေနဲ့ 300 Mb ရှိတဲ့ ဖိုင်တစ်ခုကို ကူးထည့်လိုက်တဲ့ အခါမှာ အခုလို နှစ်နေရာခွဲပြီး ဝင်သွားပါတယ်။
အဲလိုသဘောပဲ ဖြစ်ပါတယ်။ ကူးတာ ဖျက်တာတွေ များလာတာနဲ့အမျှ Fragment တွေလည်း များလာပါတယ်။ အဲဒါတွေကို နေရာတကျ သူ့အပိုင်းနဲ့ သူ ပြန်စီပေးတာကို Defragment လုပ်တယ်လို့ ဆိုလိုပါတယ်။ အဲဒီခလုပ်လေးတွေ နှိပ်ပြီး လုပ်ပေးရုံပဲပေါ့ ။ Error Check ကတော့ တစ်ခါတစ်လေ ချက်ချင်း မလုပ်ပေးနိုင်ပါဘူး။ Restart ပြန်လုပ်တဲ့ အခါကျမှ window မတက်ခင် လုပ်ပေးပါလိမ့်မယ်။ Defragment လုပ်ဖို့အတွက် သီးခြား Software တွေလည်း ရှိပါတယ်။ ဘာမှ မသုံးပဲ window မှာပါတာနဲ့ပဲ လုပ်လည်းရပါတယ်။

Hard Disk ကို အခုလိ နည်းလမ်းတွေနဲ့ ထိန်းသိမ်းပေးရင် ပျက်စီးနိုင်မှု လျှော့နည်းစေပါတယ်။

သံလုံငယ်